ဘားအံမြို့ ၏ စက်သုံးဆီ လက်လီဈေးနှုန်းများ

Powered by Drupal

  မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကား ဈေးနှုန်းတို့ကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင် စက်သုံးဆီဆိုင် (၇)ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလ တတိယအပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၄၈၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၅၈၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၂၈၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

 စက်သုံးဆီဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ (၀၆၇-၄၀၉၈၈၁၊ ၀၆၇-၄၁၁၁၂၉၊ ၀၉-၆၉၉၆၁၁၁၆၊ ၀၉-၄၄၀၄၃၃၅၃၃) ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)