“မိုးနှောင်းချည်မျှင်ရှည်ဝါများစိုက်ပျိုးပြီးစီး”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် (မိုးနှောင်း) ချည်မျှင်ရှည်ဝါ စိုက်ဧက(၂၃၀၁၈) ဧက စိုက်ပျိုးထားပြီး ကျောက်ဆည်မြို့နယ်တွင်(၁၀၇၆၇) ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၇၈၉၇) ဧက၊မြစ်သားမြို့နယ်တွင်(၄၃၅၄) ဧက စိုက်ပျိုးထားကြောင်း အများဆုံး စိုက်ပျိုးသောရွာများမှာ မြစ်သားမြို့နယ်တွင် နွားဘူးကြီးကျေးရွာ၊ဒိုင်းကျေးရွာ၊မြနဒီနှင့်လွန်ကျော် ကျေးရွာများတွင်စိုက်ပျိုးပြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျောက်ဖျာကျေးရွာ၊ ရှမ်းတောင်ဦးကျေး ရွာနှင့်ကင်းရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ဝါ(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း(၃၀၀၀၀၀/-) ကျပ်ကုန်ကျပြီး စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် ပိုးသတ်ဆေးများပတ်ဖြန်းပေးရကြောင်း၊ ဝါ(၁) ဧက အထွက်နှုန်းအနေဖြင့် အထွက်နှုန်းကောင်းမွန် ပါက(၇၀၀-၈၅၀)ပိဿာအထိထွက်ရှိကြောင်း၊ဝါစျေးနှုန်းအနေဖြင့်ယခင်ဝါ(၁) ပိဿာလျှင် (၃၃၀၀/-) ကျပ် ၊ ဂွမ်း(၁)ပိဿာလျှင်(၇၃၀၀/-)ကျပ် ၊ ဝါစေ့(၁)ပိဿာလျှင်(၁၄၀၀/-) ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိ ပေါက်စျေးအနေဖြင့် ဝါ(၁)ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ် ၊ ဂွမ်း(၁)ပိဿာလျှင် (၈၅၀၀/-) ကျပ် ၊ ဝါစေ့(၁)ပိဿာလျှင်(၁၅၀၀/-) ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိပြီး မြို့နယ် အတွင်းသို့ ဝမ်းတွင်းနယ်မှလည်းလာရောက်ရောင်းချကြောင်း ၊ ဝါစျေးနှုန်းအနည်းငယ်ကျဆင်းပြီး အဝယ်အေးကြောင်း ၊ ဝါအများဆုံးစိုက်ပျိုးသော နွားဘူးကြီးကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)