မကွေးမြို့၊ ကန်သာဈေး၌ရောင်းချနေသော သစ်သီးဝလံစျေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာဈေး၌ ရောင်းချလျက်ရှိသော သစ်သီးဝလံများမှာ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မန္တလေး၊ ‌‌တောင်ကြီး၊ သီပေါဒေသတို့မှ အသီးသီး ဝင်ရောက်လျက် အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရှိရသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (တတိယပတ်)တွင် ကန်သာဈေး၌ ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများမှာ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၁၈၀၀မှ ၂၃၀၀)၊ ပျားလိမ္မော်သီး (၁)ပိဿာလျှင် ကျပ်( ၁၀၀၀၀) တောင်ကြီးလိမ္မော် (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ပန်းသစ်တော် (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀) ဆန်းကစ်သီး (၁)လုံးလျှင် ကျပ်(၂၀၀၀)၊  ပန်းသစ်တော်သီး (၁)လုံးလျှင် ကျပ်(၂၃၀၀-၃၀၀၀)၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၅၀၀-၁၀၀၀)၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၂၀၀၀)၊ စတော်ဘယ်ရီသီး (၁)ပိဿာလျှင် ကျပ်( ၂၄၀၀၀)၊ ကျွဲကောသီး(၁)လုံးလျှင် ကျပ်( ၁၅၀၀-၃၀၀၀)၊ ရွှေသခွားသီး (၁)လုံးလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ သခွားမွှေးသီး (၁)လုံးလျှင် ကျပ်( ၁၀၀၀-၂၀၀၀) ၊ သင်္ဘောသီး (၁)လုံးလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ဖရဲသီး (၁)လုံးလျှင်ကျပ်( ၃၀၀၀-၆၀၀၀)၊ ကြီး၊ လတ်၊ သေးအပေါ်မူတည်၍ ဈေးနှုန်းကွာခြားပြီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)