“မိုးကြက်သွန်နီများစတင်ထွက်ရှိ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိပြီး စားဖိုချောင်သီးနှံ တစ်မျိုးဖြစ်သော ကြက်သွန်နီကိုလည်း အများဆုံးစိုက်ပျိုးသောဒေသဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးကြက်သွန်စိုက်ဧက(၁၉၉၄)ဧက စိုက်ပျိုးထားရှိပြီး ဆောင်းကြက်သွန်နီ စိုက်ဧက (၁၅၁၉)ဧက စိုက်ပျိုးထားရှိကြောင်း ၊ မိုးကြက်သွန်နီကို ကျောက်ဆည်မြို့နယ်တွင် (၂၂၀)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၇၇၄)ဧကစိုက်ပျိုးထားရှိပြီး ဆောင်းကြက်သွန်ကို ကျောက်ဆည်မြို့နယ်တွင် (၇၂၀)ဧက ၊ စဉ့်ကိုင် မြို့နယ်တွင်(၇၉၉)ဧကစိုက်ပျိုးထားရှိကြောင်း၊ ယခုလက်ရှိမိုးကြက်သွန် ရိတ် ဧက(၂၂၀)ဧက ရိတ်သိမ်းပြီးစီးပြီး အထွက်စုစုပေါင်း(၆၄၉၈၈၀)ပိဿာထွက်ရှိကြောင်း၊လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။မိုးကြက်သွန်စိုက်ပျိုးမှုတွင် သွင်းအားစု၊လုပ်သားခအပါအဝင်(၁၆၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ပိဿာ (၂၉၀၀-၃၀၀၀)ပိဿာအထိထွက်ရှိကြောင်း၊မိုးကြက်သွန်နီစျေးနှုန်းအနေဖြင့် အကြီးတစ်ပိဿာလျှင် (၃၅၀၀/-)ကျပ်၊အလတ်(၃၀၀၀/-)နှင့်အသေး(၂၉၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး ယခုပေါ်သောမိုးကြက်သွန်မှာအစိုဓါတ်ကျန်ရှိသောကြောင့်  လှောင်သူများအနေဖြင့် မဝယ်သင့်သေးကြောင်း ၊ ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းပိုင်းမှ ထွက်ပေါ်သော ကြက်သွန်များကိုသာ ရေရှည်စားသုံးရန်ဝယ်လှောင်သင့်ကြောင်း၊အစိုဓါတ်ရှိသောကြောင့် ပြည်တွင်းနှင့်ဒေသတွင်းစားသုံးရန်သာ ရောင်းချကြပါသည်။ကြက်သွန်နီများကို ကျောက်ဆည်၊မန္တလေးနှင့်အခြားဒေသများသို့ရောင်းချကြောင်း မိုးကြက်သွန်စိုက်ပျိုးသောတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)