ပြည်ပဲလွမ်းဖြူသစ်များ လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်

Powered by Drupal

    ပြည်ပဲဈေးကွက်သို့ ပဲလွမ်းဖြူသစ်များမှာ တစ်ရက်လျှင် အိတ် (၁၀၀မှ ၂၀၀) ကျော်အထိဝင်ရောက်မှုရှိခဲ့ပါသည်။ ပန်းတောင်း၊ ဥသျှစ်ပင်ဒေသများမှ ပြည်ပဈေးကွက်သို့ ဝင်ရောက်ခြင်းဖြစ်ပြီး လက်လီ/ လက်ကားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။ ထို့ကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့ကာ ပဲဈေးနှုန်းအနေဖြင့် ပိဿာ၂၀ဝင်တစ်တင်းလျှင် ၅၅ဝဝဝိ/-ကျပ်ဖြင့် ပဲသစ်ဝင်စအချိန်ထက် ဈေးနှုန်းအနည်းငယ်လျော့နည်းသွားခဲ့ပြီဖြစ်ပါသည်။ နိုဝင်ဘာလဆန်း ပဲသစ်ဝင်စ၌ အဖွင့်ဈေးနှုန်းမှာ တစ်တင်းလျှင် ၅၈၀၀၀ကျပ်ဖြင့်ဝယ်ယူခဲ့ပြီး ယခုဒီဇင်ဘာလ စတုတ္ထပတ်တွင်မူ ပဲအဝင်များလာခဲ့ကာ ပဲဈေးနှုန်းလည်းလျော့နည်းသွားခဲ့သည်ဟုသိရပါသည်။ ယခင်နှစ်တွင် ပဲလွမ်းဖြူသီးနှံဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ်၅သောင်းခန့်သာရရှိခဲ့သည့်အတွက် ယခုနှစ် ပဲဈေးကွက်အတွင်း ဈေးအေးသည့်သီးနှံဟုဆိုသော်လည်း ယခင်နှစ်ဈေးနှုန်းထက် ဈေးပိုရရှိနေခဲ့သည်ဟုသိရပါသည်။

DOCA(ပဲခူး)