ပြည်ပဲပုတ်သစ်များ ဈေးကွက်သို့ဝင်ရောက်လာခဲ့

Powered by Drupal

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ပြည်ပဲဈေးကွက်သို့ ပဲသစ်ဝင်ရောက်မှုအနေဖြင့် ပဲပုတ်သစ်များလည်း ဝင်ရောက်လာခဲ့သည်ဟုသိရပါသည်။ ပန်းတောင်းဘက်နှင့် ပြည်ခရိုင်တဝိုက်ရှိ ဒေသတချို့မှ နေ့စဉ် ဝင်ရောင်ခြင်းဖြစ်ကာ တစ်ရက်လျှင် တင်း၅၀ကျော်မှ တင်း၁၀၀အထိအဝင်ရှိခဲ့ကြပါသည်။ ထို့ကြောင့် ပဲပုတ်သီးနှံအား ယခုဒီဇင်ဘာလ တတိယပတ်တွင် လက်လီသများဝယ်ယူမှုရှိခဲ့သောကြောင့် အိတ်၅၀ကျော်ရောင်းဝယ်မှုဖြစ်ခဲ့ပါသည်။ ပဲပုတ်သီးနှံဈေးနှုန်းမှာ တစ်တင်းလျှင် ၆၅ဝဝဝိ/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်အတွက် မတ်ပဲသီးနှံဈေးထက် ဈေးနှုန်းလျော့နည်းနေသော်လည်း ပဲတီစိမ်းသီးနှံထက် ဈေးနှုန်းပိုရခဲ့ပြီး ယခင်နှစ် ပဲဈေးထက်လည်း ဈေးနှုန်းအနည်းငယ်ပိုရလာခဲ့ပါသည်။ ယခင်နှစ်တွင် တစ်တင်းလျှင် ၆၃ဝဝဝိ/-ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟုသိရပါသည်။

DOCA(ပဲခူး)