ရွှေတောင်မြို့နယ်တွင် မင်းတုန်းကြက်သွန်များအရောင်းအဝယ်ဖြစ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၀-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင်ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းအုပ်စု၊ ကိုင်းကျွန်း(ဟောင်း)ရှိ ဦးဝေဖြိုးပိုင်ဆိုင်သော ကြက်သွန်စိုက်ခင်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ မင်းတုန်းကြက်သွန်စိုက်ဧကမှာ (၂)ဧကခန့်ရှိပြီး မင်းတုန်းကြက်သွန် မျိုးစေ့များကို မြောင်းတစ်မြောင်းပေါ်တွင် ကြဲပက်ထားပြီး (၁၀)ရက်အကြာတွင် ပျိုးပင်ပေါက်ကလေးများထွက်ရှိလာပါသည်။ အပင်ပေါက်လေးများကို အကျယ် ၃ပေ၊ အရှည်ပေ(၆၀)ရှိသော မြောင်းပေါင်(၆)မြောင်းပေါ်တွင် ပြန်လည်စိုက်ပျိုးရပါသည်။ မင်းတုန်းကြက်သွန်ကို သီတင်းကျွတ်လတွင်စတင်စိုက်ပျိုးပြီး (၂)လအကြာဖြစ်သော နတ်တော်လတွင် နှုတ်ယူရောင်းချကြောင်းသိရပါသည်။ ကြက်သွန်စိုက်ခင်း (၂)ဧကတွင် ကြက်သွန်နှုတ်ချိန် (၅)ရက်ကြာပြီး၊ တစ်ရက်လျှင် ပိဿာချိန် (၄၀)ခန့်ရရှိပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ရန်ကုန်မြို့ရှိ ကြက်သွန်ပွဲရုံများက လာရောက်သိမ်းယူကြောင်းသိရပါသည်။ ကြက်သွန်(၂)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၈)သိန်းဝန်းကျင်ခန့်သာရှိပြီး အကျိုးအမြတ်မှာ ၂သိန်းခန့်ရရှိပြီးဈေးနှုန်းအတက်အကျပေါ်မူတည်၍ အကျိုးအမြတ်ကွာခြားကြောင်းသိရပါသည်။

DOCA(ပဲခူး)