ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်  အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဒီဇင်ဘာလ ( ၉ ) ရက်မှ ဒီဇင်ဘာလ ( ၁၅ ) ရက်နေ့အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိတ်ဖြူ၊ မြင်းခြံ၊ မြစ်သားဒေသတို့မှ ကြက်သွန်နီ (၆၆၆၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၆၆၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိတ်ဖြူ ကြက်သွန်နီ (အဟောင်း) အချော တစ်ပိဿာ ကျပ် ၂၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၄၀၀၀ ၊ အကြီးမှာ ကျပ် ၄၄၀၀၊ ရှယ်မှာ ကျပ် ၅၀၀၀၊ မြင်းခြံ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၂၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၁၀၀ ၊ အကြီးမှာ ကျပ် ၃၂၀၀၊ ရှယ်မှာ ကျပ် ၃၆၀၀၊ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၂၃၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၂၀၀ ၊ အကြီးမှာ ကျပ် ၃၅၀၀၊ ရှယ်မှာ ကျပ် ၃၈၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)