ဖြူးမြို့တွင် အခြေခံစားသောက်ကုန်တချို့ဈေးနှုန်းမြင့်တက်

Powered by Drupal

       တောင်ငူခရိုင်၊ ဖြူးမြို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင် မြေပဲဆီကို တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီကိုာ တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

       ကြက်သွန်နီမှာ တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၅၀၀ကျပ်အထိ၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး အာလူးမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ငရုတ်သီးခြောက်မှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

        ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ မြေပဲဆံ (အနီ)မှာ တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၆၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)