ဖြူးမြို့ရှိ မုန့်လက်ဆောင်းဈေးကွက်

Powered by Drupal

     မိုးရာသီကုန်ဆုံးပြီး ယခုကဲ့သို့ ခြောက်သွေ့သည့်ကာလသို့ရောက်လာလျှင် မုန့်လက်ဆောင်းများ ရောင်းအားကောင်းသည်ကိုတွေ့ရပါသည်။ မုန့်လက်ဆောင်းကို တစ်နှစ်ပတ်လုံးရသည်ဟုဆိုသော်လည်း နေ့ခင်းအပူချိန်တိုးသည့် ယခုကာလမှ မိုးဦးကျသည်အထိ ပို၍သုံးဆောင်လာကြပါသည်။

       မုန့်လက်ဆောင်းကို မုန့်ဖတ်၊ ထန်းလျက်၊ သကြား၊ အုန်းသီး၊ ရေခဲတို့ဖြင့် ပြုလုပ်ရပါသည်။ မုန့်ဖတ်ကို ‌ဆန်အမာဖြင့်ပြုလုပ်ရပြီး ယခုအချိန်တွင် ဗျော့ထွန်းဆန်ကိုအသုံးပြုကြပါသည်။ ဆန်တစ်ပြည်လျှင် ထန်းလျက် ၃၀ကျပ်သား၊ သကြား ၈၀ကျပ်သား၊ အုန်းသီးလေးလုံးဖြင့်ပြုလုပ်ရပါသည်။

      မုန့်လက်ဆောင်းသောက်သုံးသူအများစုမှာ  ရေခဲထည့်သောက်ရသည်ကိုနှစ်သက်ပြီး တချို့မှာ ပေါင်မုန့်ပါထည့်၍ သောက်သုံးကြပါသည်။ မုန့်လက်ဆောင်းကို ယခင်နှစ်များတွင် တစ်ခွက်လျှင် ၁၅၀ကျပ်ဖြင့်သာရောင်းချခဲ့သော်လည်း ယခုနှစ်တွင် တစ်ခွက်လျှင် ၅၀၀ကျပ်ဖြင့်ရောင်းချပါသည်။

      မုန့်လက်ဆောင်းသည် အလွယ်တကူလုပ်စားနိုင်သည့် မြန်မာ့ရိုးရာအစားအစာဖြစ်ပြီး နေ့ခင်းအပူချိန်ပြင်းလာသည့် ယခုအချိန်အခါမျိုးတွင် သောက်သုံးရန် အကောင်းဆုံးဖြစ်ပါသည်။ ကုန်ကျစရိတ်လည်းမများသဖြင့် မုန့်လက်ဆောင်းလုပ်ရောင်းသူများအတွက် အဆင်ပြေပါသည်။ ဈေးနှုန်းလည်းသင့်တင့်သဖြင့် အခြေခံလူတန်းစားအများသောက်သုံးကြ၍ ရောင်းအားကောင်းကြောင်းသိရပါသည်။

DOCA(ပဲခူး)