တောင်ငူမြို့ရှိ ပေါ်ဦးပေါ်ဖျား ပိုးစာသီး (ခေါ်) Mulberry

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ မြို့မဈေးကြီးတွင် ပိုးစာသီးများရောင်းချလျက်ရှိပါသည်။ ပိုးစာသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ရှိပါသည်။ ပိုးစားသီးတွင် Vitamin A, Vitamin B, Vitamin C နှင့် Zinc ဓာတ်များပါဝင်သောကြောင့် ကျန်းမာရေးကို အထောက်အကူပြုသဖြင့် စားသုံးသင့်သောအသီးတစ်မျိုးဖြစ်ပါသည်။

      ပိုးစာသီးကိုစားသုံးခြင်းကြောင့် ဗိုက်အဆီများကိုကျစေပြီး ဝမ်းချုပ်ခြင်းမှကင်းဝေးစေခြင်း၊ မျက်စိအားကိုကောင်းစေခြင်း၊ အမြင်အာရုံကိုကြည်လင်စေခြင်း၊ အာရုံကြောကောင်းစေခြင်း၊ ရေတိမ်ရောဂါမှကာကွယ်ပေးခြင်း၊ ကြက်မျက်သင့်ရောဂါမှကာကွယ်ပေးခြင်း၊ နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း၊ စိတ်ကျရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူးများကိုရရှိစေပါသည်။

     ပိုးစာသီးကို အသီးအတိုင်းဖြစ်စေ၊ ဖျော်ရည်ဖျော်သောက်၍ဖြစ်စေ၊ ယိုထိုး၍ဖြစ်စေ စားသုံးနိုင်ပြီး ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်သောကြောင့် လူကြိုက်များ၍ ရောင်းအားကောင်းနေကြောင်းသိရပါသည်။

DOCA(ပဲခူး)