တောင်ငူမြို့၏ ရာသီပေါ် ဗောက်သီး

Powered by Drupal

    ယခုကဲ့သို့ အေးချမ်းသောဆောင်းရာသီတွင် ရာသီစာတစ်မျိုးဖြစ်သည့် ဗောက်သီးများကိုစားသုံးခြင်းအားဖြင့် ကျန်းမာရေးကို အထောက်အကူများစွာရရှိပါသည်။ ဗောက်ပင်များမှာ ကွင်းပြင်များတွင် အလေ့ကျပေါက်လေ့ရှိပါသည်။

      ဗောက်သီးတွင် ဗီတာမင်စီပါဝင်သဖြင့် အသားအ‌ရေကိုလှပစေခြင်း၊ မျက်စိရောဂါကိုကာကွယ်နိုင်စွမ်းရှိ၍ အမြင်အာရုံကိုပိုမိုကောင်းမွန်စေခြင်း၊ ကိုယ်ခံအားကိုမြှင့်တင်ပေးခြင်း စသည့် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများကိုရရှိစေပါသည်။

     ဗောက်သီးများတွင်ပါဝင်သော အမျှင်ဓာတ်ကြောင့် ဆီးချိုရောဂါကိုထိန်းညှိပေးနိုင်ပါသည်။ "တန်လျှင်ဆေး လွန်လျှင်ဘေး" ဟုဆိုသကဲ့သို့ ဗောက်သီးကို အများအပြားစားသုံးမိလျှင် သွေးပေါင်ကျစေနိုင်ကြောင်းသိရပါသည်။

       ဗောက်သီးများကို အသီးလိုက်ဖြစ်စေ၊ ယိုထိုး၍ဖြစ်စေ စားသုံးနိုင်ပါသည်။ ဗောက်သီးများကို တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ၅၀ကျပ်သားယူလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)