![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/20.19_4.jpg?itok=W-I4E-v8)
မှော်ဘီမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုများမှာ မုံညင်း စိုက်ဧက (၂၀၅)၊ မုံလာဖြူ စိုက်ဧက (၅၅၀)၊ ဘူး စိုက်ဧက (၄၃၃)၊ ချဉ်ပေါင်ရွက် စိုက်ဧက (၉၈၉) ၊ ပဲတောင့်ရှည် စိုက်ဧက(၄၉၈)၊ ခရမ်းသီးစိုက်ဧက (၂၆၂)၊ သခွားစိုက်ဧက(၃၅၀)၊ ကင်ပွန်းချဉ် စိုက်ဧက (၂၄၅) တို့အသီးသီးစိုက်ပျိုးကြပြီး မြို့နယ်အတွင်းရောင်းချကာ ပိုလျှံသော ဟင်းသီးဟင်းရွက်များကို စည်ပင်ဈေးနှင့် တညင်းကုန်းဈေးများသို့ ရောင်းချလျက်ရှိပါသည်။ မြို့မဈေးအတွင်းသို့ (၁၉.၁၂.၂၀၂၃) ရက်နေ့တွင် သား/ငါးဈေးနှုန်းစုံစမ်းရာတွင် ငါးမြစ်ချင်း တစ်ပိဿာ ၈၀၀၀ ကျပ်၊ ငါးကြင်းဖြူ တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ အမဲသား ၁၂၀၀၀ ကျပ်၊ ကြက်သား(CP) ၈၀၀၀ ကျပ်နှင့် ဝက်သား တစ်ပိဿာ ၁၂၀၀၀ ကျပ် ရောင်းချလျက်ရှိပါကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)