ပခုက္ကူမြို့တွင် ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများတည်ငြိမ်နေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် ဘိလပ်မြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းမှာ ဒီဇင်ဘာလ(ပထမပတ်)က ဈေး အတိုင်း၊ ကြံနှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၆၀၀)၊ အယ်လဖာဘိလပ်မြေ တစ် အိတ်လျှင် ကျပ်(၈၇၀၀)ဈေးနှင့်ပင် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

            ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာလည်း အရောင်းအဝယ်ပုံမှန်ရှိနေပြီး အသုံးများ သောဓာတ်မြေဩဇာလောက်သာ ဈေးအနည်းငယ်တက်ပြီး ကျန်အမျိုးအစားများမှာ ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရှိရသည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ အာမိုယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၉၇၀၀၀)၊ ဩဘာယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ တရုတ်တီစူပါသံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ  တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ် (၁၂၅၀၀၀)၊ အာမို ကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၈၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ် လျှင် ကျပ်(၁၃၂၀၀၀)အသီးသီးဖြင့် ပုံမှန်အရောင်းအဝယ်ရှိနေပါသည်။

         ပိုးသတ်ဆေး ဈေးနှုန်းများအနေဖြင့် ယခုရာသီတွင် ဈေးနှုန်းအတက်အကျမရှိ တည်ငြိမ်နေ သည်ကို တွေ့ရ သည်။ အာမိုမက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ အာမိုစတား (၁)လီတာ တစ်ဘူးလျှင် ကျပ်(၄၁၀၀၀)၊ အာမိုအီမာ(၁)လီတာဘူး တစ်ဘူးလျှင် ကျပ်(၃၃၅၀၀)၊ အာမို မင်းမဟော်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၀၀၀၀)၊ ဩဘာပို့စ်(၂၅၀)cc ဘူးတစ်ဘူးလျှင် ကျပ်(၁၁၀၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၂၁၀၀၀)၊ ဩဘာငှက်ကြီးတောင် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၈၀၀)၊ ဩဘာငှက်ကြီးတောင်(၂၅၀)cc တစ်ဘူးလျှင် ကျပ် (၄၀၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၂၉၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၁၆၀၀၀) အသီးသီးရှိပြီး ပိုးသတ်ဆေးများမှာ ရောင်းအားအနေဖြင့် ပုံမှန် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)