ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့်  ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ဈေးကွက်အတွင်းရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စု အလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်အတိုင်း ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များရောင်းချမှုရှိ/မရှိကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိနားလည်းထားရန်လိုအပ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)