ဘားအံမြို့၊ ရေပေါ်စံပြဈေးအတွင်း ရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်းအခြေအနေ

Powered by Drupal

      ကရင်ပြည်နယ်၊ဘားအံမြို့ရေပေါ်စံပြဈေးအတွင်းနေ့စဉ်ရောင်းချလျက်ရှိသော ကြက်ဥနှင့် ဘဲဥ ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း၌ ကြက်ဥအကြီးတစ်လုံးလျှင် ၂၇၀ ကျပ်၊ ကြက်ဥအလတ်တစ်လုံးလျှင် ၂၅၀ ကျပ်၊ ကြက်ဥအသေးတစ်လုံးလျှင် ၂၂၀ ကျပ်ဈေနှုန်တို့ ဖြင့် အသီးသီးရောင်းချလျက်ရှိရာ ယခုဒီဇင်ဘာလ စတုတ္ထပတ်၌ ကြက်ဥအကြီးတစ်လုံးလျှင် ၂၃၀ ကျပ်၊ ကြက်ဥအသေးတစ်လုံးလျှင် ၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

   ဘဲဥဈေးနှုန်းအနေဖြင့်လည်း နိုဝင်ဘာလ ဒုတိယပတ်၌ ဘဲဥအကြီးတစ်လုံးလျှင် ၄၀၀ကျပ်၊ ဘဲဥအလတ်တစ်လုံးလျှင် ၃၈၀ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် ၃၅၀ကျပ်ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး  ဒီဇင်ဘာလ စတုတ္ထအပတ်၌ ဘဲဥအကြီးတစ်လုံးလျှင် ၃၅၀ကျပ်၊ ဘဲဥအလတ်တစ်လုံးလျှင် ၃၀၀ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် ၂၈၀ ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိရာ ဘဲဥဈေးနှုန်းများလည်းအနည်းငယ်ကျဆင်းသွားကြောင်း ဈေးကွက်စုံစမ်းမှု အရသိရှိရပါသည်။

DOCA(ကရင်)