ပြည်ပဲဈေးကွက်မှာ လက်လီသာအရောင်းအဝယ်ဖြစ်သော်လည်း ဈေးကောင်းရနေသည့်သီးနှံမှာ စားတော်ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံဆိုလျှင် ပဲပြုတ်ရောင်းချ သူများနှင့် အခြား လက်လီသမားများဝယ်ယူမှုရှိသောကြောင့် တစ်ရက်လျှင်၁၅အိတ်၊ ၂၀ ကျော်ရောင်းချမှုဖြစ်ပြီး ပဲဈေးနှုန်းမှာ ပိဿာ၂၀ တစ်တင်း ၁၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားတော်ပဲ သီးနှံသည် နှစ်စဉ်လိုလိုဈေးကောင်းရလျက်ရှိလို့ ဈေးကွက် အတွင်း ဈေးကောင်းဝင်သီးနှံ အမျိုးအစားထဲပါဝင်နေခဲ့ပါသည်။ ယခင်နှစ်ကလည်း စားတော်ပဲသီးနှံတစ်တင်း ( ၁၂၀၀၀၀) ကျပ် ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့၍ ပဲဈေးကွက် အတွင်းဈေးအမြင့်ဆုံး သီးနှံဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)