တောင်ငူမြို့နယ် ကုက္ကိုလ်ပေါက်ကျေးရွာမှ ကြက်မွေးမြူရေးလုပ်ငန်း

Powered by Drupal

      တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စု၊ ကုက္ကိုလ်ပေါက်ကျေးရွာမှ ဒေါ်သန္တာကျော်အေး ၏ ကြက်မွေးမြူရေးလုပ်ငန်းသည် အောင်မြင်လျက်ရှိပြီး တစ်ကြိမ်လျှင် စီပီအသားတိုးကြက်အကောင် ၁၀၀၀၀ ကို မွေးမြူထားရှိပါသည်။ တစ်ခြံလျှင် အကောင် ၂၅၀၀ ဖြင့် ခြံ ၄ ခြံရှိပါသည်။

      ကြက်ပေါက်များကို တစ်ကောင်လျှင် ၁၃၀၀ ကျပ် ဖြင့် De Heus GEL GA Ltd မှ ဝယ်ယူပါသည်။ စတင်မွေးမြူသည့်နေ့မှ ရက် ၄၀ ရှိလျှင် အလေးချိန် ၁ ပိဿာ ၈၀ ကျပ်သားမှ ၂ ပိဿာခန့်ရှိသည့် ရောင်းတန်းဝင်အရွယ်ကို ရရှိပါသည်။ ကြက်ပေါက်အစာဈေးမှာ တစ်အိတ်လျှင် ၈၈၀၀၀ ကျပ်ရှိပါသည်။ ကြက်ကြီးအစာမှာ တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်အထိ ရှိပါသည်။

      လုပ်သားလေးဦး ငှားရမ်းလုပ်ကိုင်ပါသည်။ ရောင်းတန်းဝင်ကြက်များကို တစ်ပိဿာ လျှင် ၆၄၅၀ ကျပ်နှုန်းဖြင့် တောင်ငူမြို့ရှိ ကြက်ဒိုင်များက ခြံအရောက်လာရောက် ဝယ်ယူကြောင်း၊ ကြက်များ‌ရောင်းချပြီးနောက် ခြံသန့်ရှင်းရေးပြုလုပ်ပြီး ၁၀ ရက်ခန့်ကြလျှင် ကြက်ကောင်ပေါက်များ မှာယူ၍ နောက်တစ်ကြိမ် မွေးမြူကြောင်း လုပ်ငန်းရှင် ဒေါ်သန္တာ ကျော်အေး၏ ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)