တောင်ငူမြို့ ညောင်ပင်ဈေးမှ ပြောင်းဖူးနှင့်ဆီးသီး

Powered by Drupal

       တောင်ငူမြို့ အနီးဝန်းကျင် ပြောင်းဖူးစိုက်ခင်းများမှ ပြောင်းဖူးများ စတင်ထွက်ရှိလာပြီ ဖြစ်သဖြင့် ညောင်ပင်ဈေးတွင် ရောင်းချနေပြီဖြစ်ပါသည်။ သကြားပြောင်းဖူး အသေးမှာ တစ်ဖူးလျှင် ၃၀၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၂၅၀၀ ကျပ်၊ အကြီး တစ်ဖူးလျှင် ၅၀၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

       ဒေသထွက် ဇီးပဲလှော်(ခေါ်) ဇီးချဉ်သီးများလည်း ပေါ်နေပြီဖြစ်ရာညောင်ပင် ဈေးတွင် ဇီးသီးများလည်း ရောင်းချနေပြီ ဖြစ်ပါသည်။ ပေါ်ခါစက ဇီးသီး နို့ဆီတစ်ဗူးလျှင် ၅၀၀ ကျပ် ရောင်းချသော်လည်း ယခုအခါ နို့ဆီ တစ်ဗူးလျှင် ၃၅၀ ကျပ်၊ တစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

        ပြောင်းဖူးနှင့် ဇီးသီးများမှာ နောက်ပိုင်း လှိုင်လှိုင်ပေါ်သည့်အခါတွင် ယခုထက် ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)