ဟင်္သာတဆိပ်ကမ်းမှ ဆန်တန်ချိန် ၁၅၀၀ အား ပြည်ပပို့ရန် သင်္ဘောတင်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ဆိပ်ကမ်းမှပြည်ပပို့ရန် ဧည့်မထ ၂၅ % ဆန်အိတ်များ သင်္ဘောတင်ခြင်းကို(၁၇.၁၂.၂၀၂၃) နေ့မှ စ၍  ဆောင်ရွက်လျက်ရှိပြီး ဆန်တန်ချိန် ၁၅၀၀၊ အိတ်ရေအားဖြင့် ၃၀၀၀၀ အိတ်ကို တင်ပို့မှာဖြစ်ပါသည်။ ဧရာဟင်္သာကုမ္ပဏီက ဧည့်မထ ဆန်  ၂၅ % ၊ ပေါင် ၁၁၀ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဟင်္သာတမြို့ပေါ်ရှိ ဆန်စက်များမှ  ဝယ်ယူတင်ပို့ခြင်းဖြစ်ပြီး၊ အာဖရိကတိုက်ရှိ အိုင်ဗရီကိုစ့်နိုင်ငံသို့ တင်ပို့မှာဖြစ်ပါတယ်။

     ဟင်္သာတဆိပ်ကမ်းမှ သံ ၁၀၀၃ CB တွဲဖြင့် သင်္ဘောတင်ခြင်းကို (၁၇.၁၂.၂၀၂၃)  မှ (၂၁.၁၂.၂၀၂၃) ထိဆောင်ရွက်မှာဖြစ်ပြီး၊(၂၂.၁၂.၂၀၂၃)နေ့ နံနက်(၁၀:၃၀)တွင် ဟင်္သာတဆိပ်ကမ်းမှ ထွက်ခွာကာ (၂၅.၁၂.၂၀၂၃) နေ့တွင် ရန်ကုန်မြို့၊ ဆူးလေဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ဆန်တန်ချိန် ၂၀၀၀၀ တင်ဆောင်မည့် နိုင်ငံခြားသင်္ဘောပေါ်သို့ ရွှေ့ပြောင်းပို့ဆောင်မှာဖြစ်ပါသည်။ ပြည်ပတင်ပို့မည့် ဧည့်မထ ၂၅ % ဆန်များ၏ အရည်အသွေး စစ်ဆေးခြင်းကို SGS ကုမ္ပဏီနှင့် COTECNA ကုမ္ပဏီတို့မှ လာရောက်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)