ပုသိမ်မြို့တော်စက်မှုဆိပ်ကမ်းမှ ပြည်ပဆန်တင်ပို့လျက်ရှိ

Powered by Drupal

     ဆန်စပါးအများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဟင်္သာကုမ္ပဏီသည် ပုသိမ်မြို့စက်မှုဆိပ်ကမ်းမှ ဧည့်မထ ၂၅မှတ်  ပြည်ပဆန် တန်၆၀၀၀.၀၀တင်ပို့ရန်လျားထားပြီး (၂၁-၁၂-၂၀၂၃) ရက်နေ့မှစတင်ကာ စိန်သလ္လာသင်္ဘောဖြင့်စတင်၍ သင်္ဘောတင်လျက်ရှိရာ (၂၅-၁၂-၂၀၂၃) ရက်နေ့တွင် ရန်ကုန်မြို့သို့ ထွက်ခွာသွားလျက် ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်၊၊

      ဧရာဟင်္သာကုမ္ပဏီမှ မြန်မာဂုဏ်ရည်သင်္ဘောဖြင့် ပြည်ပဆန် တန်၁၅၀၀.၀၀ကို ရန်ကုန်မြို့သို့ ဆက်လက်တင်ပို့ရန် (၂၆-၁၂-၂၀၂၃) ရက်နေ့တွင်စတင်၍ သင်္ဘောဖြင့် တင်လျက်ရှိကြောင်း သိရပါသည်၊၊

DOCA(ဧရာဝတီ)