“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ”

Powered by Drupal

သန်လျင်မြို့နယ်၊ ဒီဇင်ဘာလ (၂၆) ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး/ ပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည် ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှကွင်းဆင်းကြပ်မတ် ဆောင်ရွက် လျက်ရှိကြောင်းနှင့် (၁၈.၁၁.၂၀၂၃)ရက်နေ့မှ (၂၃.၁၂.၂၀၂၃)ရက်နေ့အထိ ဆီကုမ္ပဏီ(၁၂)ခုမှ စားအုန်းဆီကိုယ်စားလှယ် (၅၇၂)ဦးတို့အား စားအုန်းဆီတန်ချိန် (၅၉၇၉.၃၁၈)တန်ကို ထုတ်ပေး ခဲ့ကြောင်းသိရှိရပါသည်။

DOCA (YGN)