နွေစပါး စိုက်ပျိုးနေမှု

Powered by Drupal

         တိုက်ကြီးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးစီးသွားချိန် လယ်ယာမြေများကို နွေစပါးနှင့်သီးထပ်သီးညှပ်များ ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ပါသည်။ သီးထပ်စွမ်းအားဖြည့် စိုက်ပျိုးနိုင်ရန် စနစ်တကျဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် မိုးစပါးကို အမှန်စိုက်ဧက (၁၂၇၈၉၃)စိုက်ပျိုးပြီး ရိတ်သိမ်းဧက (၁၂၆၃၀၈)ဖြစ်ပြီး ရေကြီးနစ်မြှုပ်ပျက်စီးဧက (၁၅၈၅)ဖြစ်ပါ သည်။ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးရာသီ Seeder ဖြင့် အတန်းလိုက် မျိုးစေ့ချစိုက်စနစ်တိုးချဲ့ ဆောင် ရွက်ရန် လျာထားလျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါး (၅၆၄၄၈)ဧက လျာထားပြီး ဧက (၁၄၅၂၀) Seeder နွေစပါးစိုက်ပျိုးသည့် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၆၆)ခု ပါဝင်စိုက်ပျိုးလာပြီး လက်ရှိ Seeder (၂၁)ခုရှိပြီး ထပ်မံ (၁၀၀)ဖြည့်စွက်၍ အခြား Seeder (၁၂၁)ခုဖြင့်စိုက်ပျိုးသွားပါ မည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါးရာသီတွင် Seeder ဖြင့် အတန်းလိုက် မျိုးစေ့ချစိုက်စနစ်တိုးချဲ့ ဆောင်ရွက်ရန် လျာထားပါသဖြင့် ယခုနှစ်တွင် နွေစပါးများအထွက်တိုး၍ စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

          DOCA (YGN)