စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများထုတ်ပေးလျက်ရှိ

Powered by Drupal

        ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများ ဝယ်ယူမှု အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း တို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များ အတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီ များကို ၁ ပိဿာလျှင် ၆၀၉၀ ကျပ်  ဈေးနှုန်းဖြင့် ကြည်မြင့်တိုင်မြို့နယ်ရှိ HTOO စားအုန်းဆီကန်အပါအဝင် အခြားဆီကန်များမှ စီးပွားရေးလုပ်ငန်းရှင်များသို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ စတုတ္ထပတ်အတွင်း နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(YGN)