ပခုက္ကူမြို့တွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်   

Powered by Drupal

       မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ပခုက္ကူမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၅)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလ(ဒုတိယပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ကျပ် (၂၄၉၀) ၊ 95 တစ်လီတာလျှင် ကျပ် (၂၅၉၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ် (၂၂၃၅) ၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ကျပ် (၂၂၈၅) ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး (တတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၆၀၅)၊ 95 တစ်လီ တာလျှင် ကျပ်(၂၇၁၀)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၄၅၅)၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ကျပ် (၂၅၁၅) ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။

       ဒီဇင်ဘာလ(ဒုတိယပတ်)နှင့်နှိုင်းယှဉ်လျှင် (တတိယပတ်)တွင်92 တစ်လီတာလျှင် ကျပ်(၁၁၅)၊ 95 ကျပ်(၁၂၀)၊ ဒီဇယ်ရိုးရိုး ကျပ်(၂၂၀)၊ ပရီမီယမ်ဒီဇယ် ကျပ်(၂၃၀)ဖြင့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်းနှင့် စက်သုံးဆီအနေဖြင့်ပြတ်လပ်မှုမရှိကြောင်း  စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)