ကံမမြို့နယ်တွင် စားသုံးဆီများအား အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်ဖြင့် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ စီမံပေးမှုအရ (၁၉-၁၂-၂၀၂၃)ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ကံမမြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်များရှိ အိမ်ထောင်စုများအား သက်သာသောဈေးနှုန်းဖြစ်သည့်  စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၇၀၀)ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ပါသည်။

      ထိုသို့ရောင်းချပေးမှုအား ကံမမြို့နယ်၊၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဒေသခံကုန်သည်လုပ်ငန်းရှင်များအား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခပေါင်း၍ အမြတ်နည်းနည်းထက်မပိုသောဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်လိုအပ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)