သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ ဒီဇင်ဘာလ(တတိယပတ်)အတွင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ အသီးအရွက်နှင့် အသားငါးများအား အောင်လံမြို့မှတစ်ဆင့် ဝယ်ယူရောင်းချကြောင်း၊ ဆန်နှင့်ဆီတို့အား ရန်ကုန်၊ ပြည်၊ ဥသျှစ်ပင်မြို့တို့မှ ဝင်ရောက်လျက်ရှိပြီး နေ့စဉ် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

    သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း၌ ဒီဇင်ဘာလ(တတိယပတ်)အတွင်းဖြစ်ပေါ် နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဆီ(၁)ပိဿာလျှင် ပဲဆီ ကျပ်(၁၄၀၀၀)၊ နှမ်းဆီ ကျပ်(၁၄၀၀၀မှ ၁၅၀၀၀)၊ အာလူး (အကြီး၊ အသေး) အရွယ်အစားအလိုက် (၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၃၃၀၀)၊ ကြက်သွန်ဖြူ (အကြီး၊ အသေး) (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀မှ ၁၄၀၀၀)၊ ကြက်သွန်နီ (အသေး၊ အလတ်၊ အကြီး) (၁)ပိဿာလျှင် ကျပ်(၃၅၀၀၊ ၃၈၀၀၊ ၄၀၀၀)၊ ကုလားပဲခွဲခြမ်း (၁)ပိဿာလျှင် ကျပ်(၆၀၀၀မှ ၆၅၀၀)၊ ငရုတ်စို(အမှည့်)(၁)ပိဿာလျှင် ကျပ်(၃၅၀၀မှ ၄၀၀၀)၊ ငရုတ်ခြောက် (၁)ပိဿာလျှင် ကျပ် (၁၈၀၀၀မှ ၂၀၀၀၀)၊ ခရမ်းချဉ်သီး (ကြာကွက်သီး) (၁)ပိဿာလျှင် ကျပ်(၂၂၀၀)၊ (ရှမ်းသီး)(၁)ပိဿာလျှင် ကျပ်(၁၂၀၀မှ ၁၅၀၀)၊ ပန်းဂေါ်ဖီထုပ် (၁)ထုပ်လျှင် ကျပ် (၁၀၀၀)၊ ပန်းဂေါ်ဖီအပွင့် (အကြီး၊ အသေး)အလိုက် ကျပ်(၅၀၀မှ ၇၀၀)၊  မုန်လာဥ (၅)ဥပါ (၁)စည်းလျှင် ကျပ်(၃၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀မှ ၁၄၀၀၀)၊ ကြက်သား(ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀မှ ၁၈၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် အကောင်အကြီး ကျပ်(၁၅၀၀၀)၊ အာဗြဲခြောက်(ငါးခြောက်)(၁)ပိဿာလျှင် အကောင်အကြီး/ အသေးအလိုက် ကျပ်(၂၅၀၀၀မှ ၃၅၀၀၀)၊ ငါးတက်ခြမ်း (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)ထိအသီးသီးဈေးရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ(ဒုတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက အသားငါးနှင့် စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ အတက်အကျမရှိဘဲ နေ့စဉ် ပုံမှန်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)