ဂန့်ဂေါမြို့နယ်အတွင်း ပဲယင်းနီ စိုက်ပျိုးပြီးစီးမှုနှင့် ထွက်ရှိမှုအခြေအနေ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများဖြစ်သော ကျွဲနန်း၊ လက်ပံ၊ တောင်လယ်၊ ရွှေတောင်၊ သာကောင်း၊ တောင်ယာပြင်၊ အင်တိုင်း၊ မောက်လင်း၊မွှေ့လယ်၊ ဝယ်လှောင်၊ ထယ်လှောင်နှင့် မောက်ရွာတွင် ပဲမျိုးစုံဖြစ်သောပဲယင်းနီ၊နှမ်းမျိုးစုံနှင့်အခြားပဲများကို စိုက်ပျိုးကြပါသည်။ မောက်ရွာတွင်ပဲယင်းနီစိုက်ပျိုးဧက(၁၅၀၀၀)ကျော်ရှိပါသည်။ ပဲယင်းကို နှမ်းရိတ် သိမ်းပြီးစီးသည့်တော်သလင်းလကုန် သီတင်းကျွတ် လဆန်းတွင် စတင်စိုက်ပျိုးကြပြီးကျဲပက်စနစ်ဖြင့် စိုက်ပျိုး ကြပြီး သီးထပ်စိုက်ပျိုးကြသည်။  ပဲယင်းမျိုးစေ့ တစ်တင်းလျှင် ကျပ်(၁၁၀၀၀၀ -၁၂၀၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း စိုက်ပျိုးတောင်သူထံမှသိ ရှိရပါသည်။

          ပဲယင်းနီကို နှမ်းများရိတ်သိမ်းပြီသည့်အချိန်တွင် ထွန်ယက်ပြီး စိုက်ပျိုးကြကြောင်း၊ တစ်ဧက လျှင် မျိုးစေ့(၄)ပြည် ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးချိန်မှ နတ်တော်လထိ ရက်ပေါင်း (၆၀)ကျော် လျှင်  မြေဩဇာအနည်းငယ်သာ ကျွေးရကြောင်း၊ ရက်ပေါင်း(၁၀၀)ကျော်လျှင် ရိတ်သိမ်းကြကြောင်းအသီး၊ အပွင့်အားတိုးဆေးအနေဖြင့် စိုက်ပျိုးပင်(၁)လသားအရွယ်တွင်  ဝိစာရ ပေါင်းသတ်ဆေးနှင့် အသီးအပွင့် အားတိုးဆေးကိုသာ အသုံးပြု၍  တစ်ထုပ်လျှင် ကျပ်(၁၄၀၀၀) ပေးရကြောင်း၊ တစ်ဧကလျှင် (၁၀)ထုပ် ဖျန်းရပြီး၊ ဆေးဖျန်းခအနေဖြင့် လုပ်သားတစ်ဦးလျှင် ကျပ်(၈၀၀၀)ပေးရကြောင်း၊ ယခုအချိန်တွင်အပွင့်များ စတင်ပွင့်နေပြီးလုပ်သားခမှာ နံနက်ခင်းတွင် တစ်ဦးလျှင် ကျပ်(၄၀၀၀)၊ ပဲခြွေလုပ်သားခမှာ တစ်မနက်လျှင် ကျပ်(၆၀၀၀)ပေးရပါသည်။ တစ်ဧကထွက်ရှိမှုမှာ (၂၅) တင်းမှ (၃၀) တင်းထွက်ရှိပြီး တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိကြောင်း ပဲယင်း စိုက်ပျိုးတောင်သူထံမှ သိရှိရပါသည်။

DOCA(မကွေး)