ရေနံချောင်းမြို့မစျေးအတွင်း အရောင်းအဝယ်ဖြစ်နေသော ရေထွက်ပစ္စည်းစျေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့ရှိ မြို့မဈေးတွင် ပုစွန်ခြောက်များကို ရခိုင်ပြည်နယ်မှဝယ်ယူ၍ ငါးခြောက်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ရခိုင်ပြည်နယ်တို့မှ ဝယ်ယူ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့မစျေးတွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (တတိယပတ်)အတွင်းရောင်းချလျက်ရှိသော ရေထွက်ပစ္စည်းစျေးနှုန်းများမှာ ပုစွန်ခြောက်ဘိတ်(၁) ပိဿာလျှင် ကျပ်(၇၂၀၀၀)၊ ငါးရံ့လုံး (၁)ပိဿာလျှင် ကျပ်(၄၈၀၀၀)၊ ငါးအသားမျှင်(၁)ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ ငါးပုတ်သင်လုံး (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငါးပုတ်သင်ပြား(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ငါးနီတူခြောက်(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ငါးမဲလုံး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ငါးတံခွန်ခြောက်(၁) ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ငါးပြေမ(၁)ပိဿာလျှင်ကျပ်(၁၆၀၀၀)၊ ငါးကြင်းငါးပိကောင်(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ရွှေခြောက်(ပုစွန်) (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀) စျေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မကွေး)