ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် (၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  (၂၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊  ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူးများ၊ ဒုခရိုင်ဦးစီးမှူးများအပါအဝင် စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ကြပါသည်။

  ခရိုင်ဦးစီးမှူးများအနေဖြင့် လုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တွေ့ကြုံရသောလုပ်ငန်းအခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များတင်ပြလာမှုအပေါ် ဆွေးနွေး၍ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများကလည်း လုပ်ငန်းလိုအပ်ချက်များကို ခရိုင်ဦးစီးမှူးများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာသော သက်ဆိုင်ရာခရိုင်မှူးများကလည်း မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာအခက်အခဲများတင်ပြလာမှုအပေါ် ဌာနခွဲတာဝန်ခံများက ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ပြီး အစည်းအဝေးတွင် လိုက်နာဆောင်ရွက်ရမည့် အစည်းအဝေးဆုံးဖြတ်ချက် (၁၆) ချက်ချမှတ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)