ဘိုကလေးမြို့၊ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များ ရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၁) ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင်  ကုန်မျိုးစုံရောင်းချသည့်ဆိုင်များရှိ စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်မျိုးစုံဆိုင်များရှိ ရောင်းချနေသောစားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် FDA ၏ ထောက်ခံချက်များ ဖော်ပြထားခြင်းရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁)၊ (၄၃) အရ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ပြည့်စုံစွာဖော်ပြနိုင်ခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မဖြစ်မနေသိသာထင်ရှားစွာဖော်ပြရမည့် သတ်မှတ်ချက်များတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်း၏အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပါဝင်မှုအချိုးအစား၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/မရှိတို့ကို ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)