ရွှေဘိုမြို့တွင် ဒီဇင်ဘာလ နောက်ဆုံးပတ်၌ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်/ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာ လျှင် (၂၆၂၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၇၂၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၅၄၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

      ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၈၀၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၉၀၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၃၅)ကျပ်ဖြင့်ရောင်းချနေသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၇၅)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၁၈၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၁၉၅)ကျပ်ဖြင့် ဈေးနှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)