ကန့်ဘလူခရိုင်အတွင်း ဒီဇင်ဘာလ နောက်ဆုံးပတ်၌ရောင်းချနေသော ရေထွက်ကုန်ပစ္စည်း ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ “မြို့မဈေး”၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက် (အချို) (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀)၊ ငါးပုတ်သင်ခြောက် (အကြီး) (၁)ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ငါးပုတ်သင်(အသေး)(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၄၂၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ မိသားစုခြောက် (၁)ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ လသာခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ လသာခြောက်(အငန်) (၁)ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ ငါးရောင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ ပလာတူးခြောက် (၁)ပိဿာလျှင် ကျပ် (၁၃၅၀၀)နှင့် ငါးရံ့ခြောက်အကောင်သေး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးခြောက်ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)