ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

      ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၈၀၀မှ ၁၀၀၀)ကျပ်ထိ၊ ပန်းသီး(ရိုးရိုး) အကြီး (၁)လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ်ထိ၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး (၁) ဖီးလျှင် (၁၅၀၀မှ ၃၀၀၀)ကျပ်ထိ၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ ထောပတ်သီး (၁)လုံးလျှင် (၇၀၀)ကျပ်၊ ပျားလိမ္မော်သီး (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရွှေလိမ္မော် သီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ပဲစိမ်းစားဥ(၁)တွဲလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)