ကန့်ဘလူမြို့အတွင်း ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိ ဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာ လျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ၎င်းငါးဈေးနှုန်းများကို ဒီဇင်ဘာလ စတုတ္ထပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ငါးဘတ်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်လာခဲ့းပြီး  ကျန်ငါးဈေးနှုန်းများ မှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မဈေးအတွင်းရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)