ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၇၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၄၀၀၀/၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူးအသေး/အကြီး အမျိုးအစားအလိုက် တစ်ပိဿာလျှင် (၃၅၀၀/၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အလုံးအကြီး/အသေးပေါ်တူတည်၍ (၁၅၀၀/၁၃၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၁၃၀၀/၁၅၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၃၀၀/၁၅၀၀) ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ သံပရာသီးတစ်လုံးလျှင် (၁၅၀) ကျပ်မှ (၃၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင် (၂၅၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

        ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၅၀)ကျပ်၊ (အသေ)တစ်လုံးလျှင် (၂၃၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၄၀၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့တို့တွင်ဖြစ်ပေါ်နေသော အသားငါးဈေးနှုန်းများမှာ ကြက်သား (cp) တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် ၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင်  (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ် ၊ အကြီးတစ်ပိဿာလျှင် (၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ် ၊စားအုန်းဆီတစ်ပိဿာလျှင် (၅၇၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

     ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သည့် ဆန်ဈေးများမှာ အနည်းငယ်မြင့်တက်လာခဲ့ပြီး အသားငါးဈေးနှုန်းများနှင့် အသီးအရွက်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)