ကော့သောင်းမြို့၊ မူ/လွန် ကံပုံလားမားစာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ကော့သောင်းမြို့၊ မူ/လွန် ကံပုံလားမားစာသင်ကျောင်း၌  ကော့သောင်းခရိုင်၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ) သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်နည်းလမ်းများအကြောင်းကိုဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မေဇင်ဦး(ဦးစီးအရာရှိ)သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဖြန့်ဝေပေးခဲ့ပါသည်။ ၎င်းနောက် မူ/လွန် ကံပုံလားမားစာသင်ကျောင်း၊ ကျောင်းမုန့်ဈေးတန်းရှိ သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာရောင်းချကြရန်လိုအပ်ကြောင်း ပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(တနင်္သာရီ)