ပန်းတနော်မြို့နယ်တွင် ဆန်စပါးဈေးကွက် တည်ငြိမ်လျက်ရှိ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းစိုးနှင့် ဝန်ထမ်းတို့သည် (၁၆.၁.၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီတွင် ပန်းတနော်မြို့နယ်အတွင်း ဆန်စပါးဈေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ ပန်းတနော်မြို့နယ်‌၊ ကျေးရွာအုပ်စု (၅၂)အုပ်စုတွင် မိုးစပါး ရိတ်သိမ်းနယ်လှေ့ချိန်ဖြစ်သဖြင့် ထွက်ရှိသောစပါးများကို ရောင်းချနေသော ကာလဖြစ်ကြောင်း ဖိုးလမင်းဆန်စက်ပိုင်ရှင် ဦးကြင်ငြိမ်း၏ ပြောကြားချက်အရ သိရှိရပါသည်။

          ယခုအခါ မိုးစပါး၊ ဆင်းသုခစပါး (၆၅၀၀၀၀)ကျပ်၊ ဧည့်မထစပါး တင်း(၁၀၀)လျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင် အရောင်းအဝယ်ဖြစ်နေပြီး ဧည့်မထဆန်တစ်အိတ်လျှင် (၂၄၀၀၀) ကျပ်ဖြင့် မြို့နယ်ဈေးကွက်နှင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ရောင်းချ လျှက်ရှိကြောင်း ထွန်းထောက် ဆန်စက်ပိုင်ရှင် ဦးတင်သန်းမှ ပြောပြချက်အရ သိရှိရပါသည်။