စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာ၌ ဧရာမင်းမိုးစပါးများရိတ်သိမ်းလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာသည် ဧရာမင်း မိုးစပါးစိုက်ပျိုးတောင်သူ (၁၂၀)ဦးရှိပြီး စိုက်ဧကမှာ(၆၀၀)ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရှိရပါသည်။

  စိုက်ပျိုးသူတောင်သူတစ်ဦးမှာ မိမိအနေဖြင့် ဧရာမင်းမိုးစပါး(၃)ဧကစိုက်ပျိုးထားကြောင်း၊  ဧရာမင်းစပါးမျိုးကို ဒေသတွင်းစပါးစိုက်တောင်သူများထံမှ (၁)တင်းလျှင် ကျပ်(၃၃၀၀၀-၃၄၀၀၀)ဖြင့်ဝယ်ယူရကြောင်း၊ (၁)ဧကလျှင် မျိုး(၂)တင်းကုန်ကျကြောင်း၊ ၂၀၂၃ခုနှစ်၊ ဇူလှိုင်လ(ပထမပတ်)တွင် ပျိုးထောင်၍ ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် အပြီးရိတ်သိမ်းကြောင်း၊ ယခင်နှစ်တွင် မိုးစပါး(၁)ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ်(၁၀)သိန်းကုန်ကျခဲ့ပြီး ယခုနှစ်တွင် မျိုး၊ သွင်းအားစုနှင့် လုပ်သားခများ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် (၁)ဧကလျှင် ကျပ်(၁၆)သိန်းခန့်ကုန်ကျကြောင်း၊ မိုးစပါးကို ဒီဇင်ဘာလ (ဒုတိယပတ်)တွင် ရိတ်သိမ်းခဲ့ရာ စပါး(၁)ဧကလျှင် (၇၅)တင်းပျမ်းမျှထွက်ရှိပြီး ဧရာမင်း(သစ်) တစ်တင်းလျှင် ကျပ်(၃၁၀၀၀-၃၂၀၀၀)ထိရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် (၈)သိန်းခန့်သာရရှိခဲ့ကြောင်း၊ ထွက်ရှိသည့်စပါးများကို ကျေးရွာရှိစပါးပွဲစားများမှတစ်ဆင့် မြို့ပေါ်ရှိကုန်သည် များ၊ ဆန်စက်များသို့ရောင်းချကြကြောင်း ဆင်ကျုံးကျေးရွာနေ စပါးစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)