အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်သကြားစက်၏ ၂၀၂၃ခုနှစ်အတွင်း စက်လည်ပတ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ရှိ ဒုရင်္ဂဗိုလ်သကြားစက်မှာ (၁၀-၁၁-၂၀၂၃)ရက်နေ့တွင် စက်စတင်လည်ပတ်ခဲ့ပြီး (၃၁-၁-၂၀၂၄)ရက်နေ့တွင် ကြိတ်ခွဲမှုရပ်နားမည်ဖြစ်ကြောင်းသိရှိရပါသည်။

     (၂၀၂၂-၂၀၂၃) ခုနှစ်အတွက် အောင်လံမြို့နယ်တွင် ကြံစိုက်ဧကမှာ (၄၄၇၄)ဧကဖြစ်ပြီး အခင်းသစ်ဧကမှာ (၂၈၅၄.၅)ဧကနှင့် လမိုင်းအသစ်စိုက်ဧကအနေဖြင့် (၁၆၁၉.၅)ဧကစိုက်ပျိုးထားကြောင်း၊  ကြံ(၁)တန်လျှင် စက်ရုံအရောက်ဝယ်ယူမည့်ဈေးနှုန်းမှာ ကျပ်(၁၂၅၀၀၀)ဖြစ်ပြီး ကွင်းဈေး၌ အရည်အသွေးခွဲ၍ဝယ်ယူခြင်းမရှိကြောင်း၊ (၂၀၂၂-၂၀၂၃) ခုနှစ်အတွင်း ကြံကြိတ်ဝါးရန် လျာထားသည့်ကြံတန်ချိန်မှာ (၁၀၀၀၀၀)ဖြစ်ပြီး စက်ရုံအလိုက်(၁)ရက်လျှင် ကြိတ်ဝါးနိုင်သည့်ကြံတန်မှာ (၁၆၀၀)တန်ဖြစ်ကြောင်း၊ (၁)ဧကလျှင် အခင်းသစ်ဈေးနှုန်းမှာ ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး၊ လမိုင်းဈေးနှုန်းမှာ ကျပ်(၁၅၀၀၀၀) ဈေးနှုန်းဖြစ်ကြောင်း၊ ဒုရင်္ဂဗိုလ်သကြားစက်ရုံမှ  ကြံစိုက်တောင်သူများအား စိုက်စရိတ်ချေးငွေထုတ်ပေးခြင်းကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိထွက်ရှိနေသော သကြားများကို တပ်ရိက္ခာအဖြစ်တင်ပို့ပြီး တင်လဲရည်ကိုလည်း တပ်ရိက္ခာအတွက်သာရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(မကွေး)