အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

  အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင်(၁)အိတ်ဈေးနှုန်းများမှာ နှမ်းနက်(စမုံ)တစ်အိတ်လျှင် ယခင်အပတ် (၂၀-၁၂-၂၀၂၃)ရက်နေ့တွင် ကျပ်(၃၁၀၀၀၀-၃၄၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၂၆-၁၂-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၃၀၅၀၀၀-၃၄၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ နှမ်းပြာတစ်အိတ်လျှင် ယခင်အပတ်တွင်  ကျပ်(၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၉၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနှုန်းလျော့နည်းခဲ့ပါသည်။ နှမ်းဖြူမှာ ယခင်အပတ်တွင် ကျပ် (၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ် (၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်နှင့် နှမ်းနီတစ်အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၈၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ) (၁၃၀၀) အိတ်၊ နှမ်းနီ(၁၁၀)အိတ်၊ နှမ်းဖြူ(၁၃၅)အိတ်၊ နှမ်းပြာ (၃၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

   ပဲမျိုးစုံဈေးကွက်အနေဖြင့် (၂၀)ပိဿာဝင်(၁)တင်းဈေးနှုန်းများမှာ မတ်ပဲ (၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၉၃၅၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ပဲတီစိမ်း(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၆၁၅၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၃၅၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၄၅၀၀-၉၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၀၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀-၁၀၅၀၀) စသည်ဖြင့် အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး  ဘိုကိတ်ပြာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၇၅၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၉၀၀၀)ဖြစ်၍ ကျပ်(၆၀၀၀)ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ကုလားပဲ(H-L)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၂၇၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၂၇၀၀)၊ ကုလားပဲ(မြကြေး)(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၉၁၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၁၀၀၀)၊ ပဲကြီး(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၂၀)ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၂၇၀)အိတ်၊ ဘိုကိတ်ပြာ(၇၀) အိတ်၊ ကုလားပဲ(H-L)(၇၇၀)အိတ်၊ ကုလားပဲ(မြကြေး)(၅၀၀)အိတ်၊ ပဲကြီး(၂၅၀)အိတ်၊ ပဲတီစိမ်း(၉၀၀)အိတ်၊ ပဲစဉ်းငုံနီ (၃၀၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၁၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ် (၆၃၀၀)ဖြစ်၍ ကျပ်(၁၅၀)ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၆၇၀၀-၆၈၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၆၇၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ မြေပဲတောင့် အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၂၅၀၀၀-၂၈၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၅၀၀၀-၂၇၀၀၀) ဖြစ်၍ ကျပ်(၅၀၀)ဖြင့် အသီးသီးဈေးနှုန်းလျော့နည်းခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၂၀)ပိဿာဝင် အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၅၂၀)အိတ်၊ မြေပဲလုံးဆံနီ(၃၀၀)အိတ်၊ မြေပဲတောင့် အစိုတင်း(၄၇၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ဆောင်းသီးနှံအသစ်များဖြစ်သေ ာပဲတီစိမ်းနှင့်ပဲစဉ်းငုံနီမှာ စတင်ထွက်ရှိသည့်အချိန်မှစ၍ ယခုအပတ်အထိ အမြင့်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင် ကျပ်(၃၁၀၀-၃၂၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၃၁၅၀-၃၃၀၀)ဖြစ်၍ ကျပ်(၅၀) ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဝါပိဿာချိန်(၃၀၀၀၀)ပိဿာအရောင်းအဝယ်ရှိခဲ့ကြောင်းနှင့် ယခုရာသီအချိန်အခါမှာ ဝါသီးနှံများလှိုင်လှိုင်ထွက်ရှိသည့်အချိန်အခါဖြစ်ပြီး အမြင့်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)