ပြည်ဈေးကွက်တွင် ဆောင်းမြေပဲဆန်များ အရောင်းအဝယ်ဖြစ်

Powered by Drupal

    ပြည်မြို့ရှိ ပွဲရုံများနှင့် ဈေးကွက်များသို့ ယခုအချိန်ဆောင်းမြေပဲများပေါ်ချိန်ဖြစ်သဖြင့် ပြည်၊ အောင်လံကြားရှိ ကျေးရွာများ၊ ရွှေတောင်ဘက်ရှိ ကျီးသဲနှင့် ညောင်စာရေးရွာများမှ တစ်နေ့လျှင် ပိဿာ (၃၀)ဝင်အိတ် (၁၀၀၀)ခန့် ဝင်ရောက်လျက်ရှိပါသည်။ ဝင်ရောက်လာသောမြေပဲဆန်များကို နယ်ဝယ်လက်နှင့် ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိ၍ တစ်နေ့လျှင်အိတ် ၇၀၀/၈၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအချိန်တွင် ဆောင်းမြေပဲများပေါ်ချိန်ဖြစ်၍ ဝယ်လက်များ အဝယ်ရှိသဖြင့် မြေပဲဆန်ဈေးမှာ အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ဝယ်လက်များက လုံးဆန်(အဖြူ)ကို မြဝတီဘက်သို့တင်ပို့ရန် အဝယ်ရှိသလို လုံးဆန်အနီကို မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဆီဆန်ကို မြို့တွင်းဆီစက်သမားများက အဝယ်ရှိသလို နယ်ဝယ်လက်များကလည်း အဝယ်ရှိသဖြင့် ဈေးကွက်တွင် အရောင်းအဝယ် တစ်နေ့လျှင် အိတ် ၅၀၀ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ မြေပဲဆန်ဈေးနှုန်းများအနေဖြင့် ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဆီဆန်တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၆၅၀၀ကျပ်နှင့် လုံးဆန်(အနီ)တစ်ပိဿာလျှင် ၆၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)