ပြည်သရက်သီးစိမ်း(အကင်း)များ ဈေးကောင်းရနေ

Powered by Drupal

    သရက်သီးစိမ်းသည် လူတိုင်းကြိုက်နှစ်သက်သော အသီးတစ်မျိုးဖြစ်ပြီး ပြည်ဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်မှစတင်၍ ဝင်ရောက်မှုရှိလာကာ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြည်မြို့ ၏ တစ်ဖက်ကမ်းဖြစ်သော ညောင်ပင်သာ၊ မန်ကျည်းစု၊ ဖိုးဦးတောင်၊ ကျွဲတလင်းရွာတို့၌ အဝင်စိပ်လာကြောင်းသိရပါသည်။ တစ်ပတ်လျှင် (၃)ရက်ခြားခန့် ဝင်ရောက်မှုရှိပြီး တစ်ခါဝင်လျှင် အလုံးပေါင်း (၁၅၀/၂၀၀) လုံးခန့်ဝင်ရောက်မှုရှိကြောင်းသိရပါသည်။ သရက်သီးစိမ်းအကင်းများမှာ ယခုဆောင်းရာသီတွင် ရှားပါးသီးနှံဖြစ်သည့်အတွက် စားသုံးသူများခံတွင်းတွေ့ကာ အဝယ်လိုက်ကြောင်းသိရပါသည်။ သရက်သီးစိမ်းအကင်းကို ငါးပိရည်ကျို၊ ငါးပိချက်၊ ပုစွန်ခြောက်ငါးပိချက်တို့နှင့်တို့စားလေ့ရှိကြပြီး သရက်သီးစိမ်းတွင် အမျှင်ဓာတ်၊ ဗီတာမင်စီ၊ အမိုင်နိုအက်စစ်နှင့် အန်တီအောက်ဆီးဒန့်များပါဝင်မှုတို့ကြောင့် အစာအိမ်ခြေဖျက်မှုအားကောင်းခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်း၊ သွေးတွင်း မကောင်းသောကိုလက်စထရောများလျော့နည်းစေခြင်း၊ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်နိုင်စွမ်းအားကောင်းစေခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေကြောင်း လေ့လာသိရှိရပါသည်။ ပြည်ဈေးကွက်တွင် သရက်သီးစိမ်းဈေးနှုန်းများမှာ တို့စရာအရွယ်တစ်လုံးလျှင် ကျပ် (၆၀၀-၇၀၀) နှုန်းအထိရှိသည့်အတွက် ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)