ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိနေသည့် ပြည်ပဲကြီးသီးနှံ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ဈေးအမြင့်ဖြင့် ရောင်းဝယ်လျက်ရှိသော ပဲသီးနှံမှာ ပဲကြီးသီးနှံဖြစ်ပြီး ပဲလက်ကျန်များ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲသစ်များ ဝင်ရောက်လာခြင်း မရှိသေးဘဲ ပဲဟောင်းလက်ကျန်များကိုသာ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိက ဝယ်ယူမှုရှိကြပါသည်။  တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ ကျော် ရောင်းဝယ်မှုဖြစ်ပြီး ပဲဈေးမှာ (ရွှေကျွန်း) တစ်တင်း ၁၂၇၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၁၂၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုဖြစ်ကြပါသည်။  ပဲကြီးသီးနှံသည် နှစ်စဉ်လိုလို ဈေးကောင်းရနေသည့်အတွက် ဈေးကွက်အတွင်း  မတ်ပဲ၊ ကုလားပဲ သီးနှံများထက်ပင် ဈေးပိုမြင့်ခဲ့ကြောင်း သိရပါသည်။ ယခင်နှစ်က ကာလတူ ချိန်မှာလည်း ပဲကြီးသီးနှံသည် ပဲဈေးကွက်မှာ အခြားပဲများထက် ဈေးကောင်းပိုရခဲ့ကြောင်း လေ့လာသိရှိရပါသည်။ယခင်နှစ်က ကာလတူချိန် ပဲကြီးသီးနှံဈေးမှာ (ရွှေကျွန်း) တစ်တင်း ၇၅၀၀၀ ကျပ်၊(ကမ်းနား)တစ်တင်း ၇၁၀၀၀ ကျပ်ဖြင့် အသီးသီးရောင်းဝယ်မှု ဖြစ်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)