ပြည်ဟင်းသီးဟင်းရွက်ဈေးကွက်မှာ ပန်းဂေါ်ဖီများဝင်ရောက်မှုများလာပြီး ဈေးလည်းလျော့လာခဲ့

Powered by Drupal

   ပြည်မြို့ရဲ့ ဟင်းသီးဟင်းရွက်ဈေးကွက်မှာ အသီးအရွက်မျိုးစုံရောင်းဝယ်လျက်ရှိရာ ယခုဆောင်းရာသီကာလ ပန်းဂေါ်ဖီပွင့်များ လှိုင်လှိုင်ပေါ်ချိန်ဖြစ်လို့ ဈေးကွက်မှာ အများအပြားရောင်းဝယ်မှု ရှိကြပါသည်။ ယခုရာသီတွင် ထွက်ပေါ်လာသော ပန်းဂေါ်ဖီများမှာ စက်တင်ဘာလအတွင်းက စိုက်ပျိုးကြပြီး ၂လခွဲ၊ ၃လအကြာတွင် ခုတ်ယူရောင်းချနိုင်ပြီဖြစ်ပါသည်။ ပြည်ဈေးကွက်သို့ ရွှေတောင်မြို့နယ်နှင့် ပုတီးကုန်း၊ သဲကုန်း၊ ပြည်အနီးရှိ မှော်ဇာကျေးရွာများမှ ဝင်ရောက်ခြင်းဖြစ်ကာ ပေါ်စရာသီက ပန်းဂေါ်ဖီဈေးနှုန်းမှာ အပွင့်အရွယ်အစားလိုက်၍ တစ်ပွင့်လျှင် ၁၅၀၀ကျပ်မှ ၁၈၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအချိန်မှာတော့ အထွက်လှိုင်လာပြီဖြစ်လို့ တစ်ပွင့်လျှင် ၅၀၀/ ၆၀၀ကျပ်ခန့်ဖြင့်သာ ရောင်းဝယ်မှုရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)