အဝင်များနေသည့် ပြည်ကြက်သွန်နီဈေးကွက်

Powered by Drupal

  ပြည်ဈေးကွက်သို့ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကြက်သွန်နီအသစ်များသာ ဝင်ရောက်မှုရှိပြီး ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်း၊ စစ်တလင်းစတဲ့နယ်များမှ ဝင်ရောက်မှုရှိနေပါသည်။ ဝင်ရောက်မှုအားဖြင့် ၂၈ပိဿာဝင် အိတ် ၅၀၀ခန့် နေ့စဉ်ဝင်ရောက်မှုရှိနေသည့်အတွက် ယခင် ဝင်ရောက်မှုရဲ့ ထက်ဝက်ခန့် အဝင်ပိုနေကြောင်း သိရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ လက်လီဈေးများတွင် ကြက်သွန်နီအဟောင်းလက်ကျန်များနှင့် အသစ်များရောင်းချမှုရှိပြီး အဟောင်းမှာ အစို့ပေါက်များဖြစ်ကာ အရည်အသွေးမကောင်းတော့သဖြင့် အသစ်များအဝယ်သွက်နေကြောင်း သိရပါသည်။ ဈေးနှုန်းများအနေဖြင့် အဟောင်းမှာ တစ်ပိဿာလျှင် ကျပ် ၄၀၀၀-၄၂၀၀ နှုန်းရှိပြီး အသစ်မှာ ကျပ် ၃၂၀၀-၃၄၀၀-၃၆၀၀ နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)