Online ပေါ်တွင် အရောင်းအဝယ်ဖြစ်တဲ့ ပုပ္ပါးမာလကာသီး

Powered by Drupal

     မာလကာပင်ကို မြန်မာပြည်တွင် နေရာအနှံအပြားဆိုသလို ပေါပေါများများ တွေ့မြင်ရပါသည်။ အမျိုးအစားပေါ်မူတည်၍ မာလကာသီး၏အတွင်းပိုင်း အသားသည် အဖြူရောင်(အူဖြူသီး) နှင့် အတွင်းပိုင်းအသားသည် ပန်းရင့်ရောင် (သို့) ကြက်သွေးပျော့ရောင် (အူနီသီး) ဟူ၍ (၂)မျိုးရှိပါသည်။ လတ်ဆတ်သောအသီး၏ အသားမှာ ချို၍ကြွပ်ဆပ်ကာ ရနံလည်း မွှေးပါသည်။ အသီးမှည့်သွားသောအခါ အတွင်းရှိအသားမှာ ပျော့အိကာ ပိုချိုပြီး ပိုလည်းမွှေးလာပါသည်။ အသီးထဲတွင် အလွန်မာသော အစေ့လေးများစွာပါရှိပြီး အပေါ်ယံအခွံမှာ အစိမ်းဖျော့၊ အစိမ်းရင့်ရောင်နှင့် စိမ်းဝါရောင်တို့ဖြစ်ကာ ထိုအခွံကိုလည်း စားလို့ရပါသည်။

     မြန်မာနိုင်ငံတွင် မာလကာဟူသော နာမ်အတိတ်ကို အဓိပ္ပါယ်ကောက်ယူ၍ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် မာလကာပင်အညွှန့်လေးများကို ဘုရားပန်းအိုးတင်၍ အဆောင်သိမ်းထားကြသလို မာလကာသီးဖြင့် ဘုရား၊ သံဃာတော်များကို သစ်သီးဆွမ်းကပ်လှူလေ့ရှိကြပါသည်။

     ပုပ္ပါးမာလကာသီးဈေးကွက်ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၃၈၀၀ကျပ် (တစ်ပိဿာလျှင် ၄/၅ လုံး) ပါဝင်ပါသည်။ (၂)ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် Online ဈေးကွက်များတွင် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)