တောင်ငူခရိုင်ဦးစီးမှူးသည် တောင်ငူမြို့မှ စားသုံးဆီရောင်းချဖြန့်ဖြူးသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူမြို့နယ်အတွင်းရှိ စားသုံးဆီရောင်းချဖြန့်ဖြူးသည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံပါသည်။

     ခရိုင်ဦးစီးမှူးက စားသုံးဆီရောင်းချသည့်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများအား စားသုံးဆီများရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး၊ သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် ဗွီနိုင်းပိုစတာများအား နေ့စဉ်ချိတ်ဆွဲ၍ရောင်းချရေးနှင့် ခွဲတမ်းရရှိသည့်ဆီပမာဏကို အပြည့်အဝရောင်းချကြရန် အသိပေးရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ခရိုင်ဦးစီးမှူးက တက်ရောက်လာသည့်လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တောင်ငူမြို့နယ်အတွင်း စားသုံးဆီရောင်းချဖြန့်ဖြူးသည့် ကိုယ်စားလှယ် ၈ဦးတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

DOCA(ပဲခူး)