မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိ

Powered by Drupal

  မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ၊  မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်၊၊

   စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင်      ( ၁ )  ပိဿာ နှုန်းဖြင့် ရောင်းချပေးကြောင်း၊ မုံရွာခရိုင်အတွင်း (၁.၁၂.၂၀၂၃) ရက်နေ့ စားအုန်းဆီပိဿာချိန် (၃၈၅၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၄၅၀ ကျပ်ဖြင့်လည်းကောင်း၊ (၄.၁၂.၂၀၂၃) ရက်နေ့မှ (၁၅.၁၂.၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၃၄၆၅၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၃၇၀ ကျပ်ဖြင့်လည်းကောင်း၊  (၁၈.၁၂.၂၀၂၃) ရက်နေ့မှ (၂၉.၁၂.၂၀၂၃) ရက်နေ့ထိ စားအုန်းဆီ ပိဿာချိန် (၃၄၆၅၀) ပိဿာခန့် တစ်ပိဿာလျှင် ၅၃၇၀ ကျပ်ဖြင့် လည်းကောင်း စုစုပေါင်း ပိဿာချိန် (၇၃၁၅၀) ပိဿာခန့်အား လူစည်ကားရာ ရပ်ကွက်များ၊ ဈေးများအပြင် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များပါမကျန် ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင် စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)