တောင်ငူမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအရောက် စားသုံးဆီများရောင်းချပေး

Powered by Drupal

    တောင်ငူခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် စားသုံးသူပြည်သူများ စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့အရောက် မော်တော်ယာဉ်များဖြင့်ပို့ဆောင်၍ ရောင်းချပေးလျက်ရှိပါသည်။

      ထိုသို့ရောင်းချရာတွင် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ်မူတည်၍ သယ်ယူပို့ဆောင်ခပေါင်းပြီး နှစ်ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ပါသည်။

   ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်နေ့တွင် တောင်ငူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူများအား စားသုံးဆီပိဿာ ၃၀၀ကို တစ်ပိဿာလျှင် ၅၂၂၀ကျပ်နှုန်းဖြင့် ကျေးရွာအရောက်သွားရောက်ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)